Tuesday, May 3, 2011

ဂျန်နီးထူဿးည် hour ဟ။ 8 0ါဟ

ဂျန်နီးထူဿးည် hour ဟ။ 8 0ါဟ

မင်္ဂလာဆောင်တယ်ဆိုတာ မလွယ်ဘူးလို့ ရှေ့လူတွေပြောသွားကြတယ်။ မနေ့ကတော့ မင်္ဂလာဆောင်ဖို့ ဓာတ်ပုံရိုက်ခံတာတောင်မလွယ်ဘူးလို့ သိသွားတယ်။

hour ဟ။ 8 0ါဟ ဆိုတာ ဘုန်းကြီးနှစ်ပါး အင်္ဂလိပ်စာသင်နေတာနဲ့တောင်တူနေတယ်။ (ဘုန်းကြီးဝတ်တာ) ဘယ်နှနာရီရှိပြီလဲ ငါ့ရှင် ဆိုတော့ ရှစ်ဝါရှိနေပြီကွ ဆိုပြီး ပြန်ပြောလိုက်သလိုမျိုးခံစားရတယ်။ (အမှန်ကတော့ အာဝါဟ ၀ိဝါဟ။)

ဓာတ်ပုံရိုက်ဖို့ ပထမတော့စိတ်ကူးတယ်။ နောက်တော့ serangoon က ဆိုင်မှာ Indoor ကို ၁၆၅၀ ဆိုလို့ နှမလက်လျှော့နေလေတော့ဆိုပြီး အောင့်ထားလိုက်တယ်။

နောက်တော့ အ၀တ်အစားဝယ်ဖို့သွားရင် ဆွမ်းခံရင်း KFC သင့်သလို Bliss ဆိုတဲ့ သတို့သမီးဝတ်စုံငှား/မင်္ဂလာဓာတ်ပုံရိုက် တဲ့ဆိုင်က promotion လုပ်တယ်။ ၉၈၈ ဆိုလို့ နည်းနည်းစိတ်ဝင်စားသွားတယ်။ ထိုင်ပြီးမေးရင်းမြန်းရင်း ၈၈၈ ဖြစ်သွားတယ်။ ထိုင်ခုံမှာထိုင်လိုက်ရုံနဲ့ ၁၀၀ ဈေးလျှော့သွားတယ်။ သတို့သမီးဝတ်စုံက ၂ စုံထဲလားဆိုတော့ ၃ စုံပေးမယ်ဖြစ်လာတယ်။ ၃ စုံထဲလားဆိုတော့ ၄ စုံဖြစ်လာတယ်။ အာ ၄ စုံနည်းတာပေါ့ဆိုတော့ ၅ စုံဖြစ်သွားတယ်။ ဒီဈေးပဲ။

ဝတ်စုံက ၅ စုံဆိုတော့မဆိုးပါဘူး။ တခြားရောဘာပေးဦးမှာလဲဆိုတော့ 10 R size album နဲ့ ပုံကြီးတစ်ပုံရမယ်တဲ့။ ဒါပဲလားဆိုတော့ 8 R size album တစ်ခုပေးဦးမယ်ဖြစ်လာတယ်။ အမ် ဒီဈေးနဲ့ဒါလေးပဲပေးတာလားဆိုတော့ အဒေါ်ကြီးနှစ်ယောက်စဉ်းစားတယ်။ ဘယ်လောက်နဲ့ဆိုရိုက်မှာလဲဟင်တွေဘာတွေဖြစ်လာတယ်။

သိပ်တော့မသေချာဘူး။ အများဆုံးလျော့နိုင်တဲ့ဈေးပြောပါ။ ရိုက်ချင်လည်းရိုက်မှာပေါ့ဆိုတော့ နောက်ဆုံး ၇၇၇ ဖြစ်သွားတယ်။ စင်ကာပူမှာ လေပဲအရေးကြီးတယ်။ စကားသာထိုင်ပြောနေ။ နားမခံနိုင်တဲ့သူ လျှော့ပေးတာပါပဲ။ ၀တ်စုံငှားတာတင် ၂၀၀ နီးပါးလောက်ရှိတဲ့အတွက် မိတ်ကပ်နဲ့ဓာတ်ပုံက ၅၇၇ လောက်နဲ့အဆင်ပြေသွားတယ်လို့ပြောနိုင်တယ်။

ဝတ်စုံသွားရွေးတဲ့နေ့မှာ သတို့သားဓာတ်ပုံရိုက်ချင်ရင် ကိုယ့်ဘောင်းဘီ ကိုယ်ဝတ်လာ၊ ကိုယ့်ရှပ်အင်္ကျီကိုယ်ဝတ်လာရမယ်လို့သိရတယ်။ ၀တ်စုံရွေးတဲ့ဆိုင်မှာ ရေဖိတ်ထားတာနဲ့ သတို့သမီးလောင်းတစ်ယောက် ချော်လဲပြီး အတော်လေးနာသွားတာကိုတွေ့ရတယ်။ သတို့သားလောင်းတွေရဲ့မျှော်လင့်ချက်ဟာအတော်လေးတူညီပုံရတယ်။ ရွေးတာာ မြန်မြန်ပြီးပါစေလို့ အားလုံးကြိတ်ဆုတောင်းနေကြတယ်။

တကယ်ရိုက်တဲ့နေ့မှာတော့ သုံးလေးနာရီလောက်ကြာတယ်။ သတို့သမီး ဂါဝန်လေထဲမှာ ဖားလျားလေးကျနေတဲ့ပုံရဖို့ အတော်လေးရိုက်ရတယ်။ ပုံ ၁၀၀ ကျော်ရိုက်တာ ၂၄ ပုံရွေးဖို့ဆိုတဲ့ professional တွေရဲ့ စိတ်ရှည်မှုက သည်းမခံနိုင်စရာဖြစ်လာတယ်။ အင်္ကျီက လည်ပင်းကြယ်သီး တပ်ထားလို့အသက်ရှူလို့မ၀ဘူး။ ဘေးနားကတစ်ယောက်ကိုကြည့်တော့လည်း ၀တ်စုံဖားဖားကြီးတွေကို ကြိုးနဲ့အတင်းစည်းထားရတော့ အသက်ရှူလို့မရဘူး။ မင်္ဂလာဆောင်ဓာတ်ပုံနဲ့မတူဘဲ၊ survivors တွေ ကယ်ဆယ်ရေးစခန်းရောက်သွားတုန်းပြုံးလိုက်သလို မချိပြုံးကြီးတွေနဲ့ဖြစ်နေနိုင်တယ်။

မင်္ဂလာဆောင်ဖို့သွားရာလမ်းက အခက်အခဲတစ်ခုပါပဲ။ ကြာကြာပြုံးရတာမောလာတော့ သတင်းစာထဲမှာတို့၊ မဲဆွယ်တဲ့ပုံမှာတို့၊ ၀က်သားသည်ကို နှုတ်ဆက်ရင်း ပြုံးပြုံးနေတဲ့ Worthy of Trust Forever party, PAP အတိုကောက်ကတော့ WTF PAP ကလူကြီးကိုတောင်သတိရတယ်။ ပြုံးနိုင်လိုက်တာ။ မမောနိုင်မပမ်းနိုင်။ ။

Regards,
The gardener

Notes: ဒီတစ်ပတ်ထဲမှာ စာရေးဖို့အချိန်မရှိတော့ပါဘူး။ နောက်တစ်ပတ်ထဲမှာလည်း အချိန်ရှိချင်မှရှိပါတော့မယ်။ မိခင်ကြီးကို လေဆိပ်မှာသွားကြိုဖို့၊ ၅ ရက်နေ့ကြရင် တွေ့ဆုံစားသောက်ကြဖို့တွေကိုပဲ စိတ်ကရောက်နေပါတယ်။ ထူးထူးခြားခြား အနာဂတ်ကိုများကြိုသိနေသလားမသိဘူး။ ၅ ရက်နေ့နဲ့ ၆ ရက်မှာ MC ဖြစ်မယ်လို့ထင်နေတော့တာပါပဲ။

BTW,

Hotel တွေ book လုပ်တဲ့အခါ review ဖတ်ဖို့ အကြံပြုချင်ပါတယ်။ ဥပမာ asia room ဆိုရင် ထူးခြားတဲ့ အစဉ်အလာတွေရှိတတ်ပါတယ်။ cancel လုပ်လိုက်တာ တစ်ရက်စာမဟုတ်ဘဲ သုံးရက်စာယူလိုက်တာတို့ဘာတို့။ နောက်ပြီး မပေါ့ဆပါနဲ့။ credit card info တွေ၊ visa card info တွေဖြည့်တဲ့အခါ၊ ဖြစ်နိုင်ရင် Hotel ကိုဖုန်းဆက်ပြီး အဲဒီ web sites က သူတို့ဟာ ဟုတ်ရဲ့လားသေချာမေးပါ။ ဟုတ်တယ်ဆိုရင် ပိုက်ဆံကိုဘယ်တော့ဖြတ်မှာလဲမေးပါ။ တစ်ချို့ sites တွေမှာ ssl cert တောင်မရှိတဲ့အတွက် https တောင်မဟုတ်ဘဲ card info တွေတောင်းတာတွေ့ရပါတယ်။ အင်မတန်စိတ်ပျက်စရာကောင်းပါတယ်။ ဖြစ်နိုင်ရင်တော့ online ကို သိပ်အားမပေးပါနဲ့။ စိတ်ချရတဲ့ payment gateway သုံးထားတာမျိုးကိုရှာပါ။ card info တွေကို အလွဲသုံးစားလုပ်ဖို့လွယ်ပါတယ်။ Save better than Sorry ဆိုတာလိုပါပဲ။ Prevention is better than filling the form to get your cash back .




Peace B with U.