F@ceB00K is not a book
မကြာသေးမီနှစ်အနည်းငယ်ကတော့ FB မှာ ဒုစရိုက်အမှုနဲ့အသက်မွေးရတာကို အတော်လေး ကျေနပ်မှုရတယ်။ မာဖီးယားဘ၀မှာ ကျင်လည်ရင်း တွေ့သမျှ ကလစ်ခေါက်နေတာပဲ။ မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုသလို၊ Energy ပြည့်ရင် ကလစ်တစ်ချက်ချက်ခေါက်နေတာပဲ။ အားလုံးသိကြတဲ့အတိုင်း ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးသွားသလို ကျွန်တော်လည်း မားဖီးယား အဖြစ်မှာ ကျဆုံးသွားတယ်။ မကျဆုံးလို့လည်းမဖြစ်ဘူး။ လမ်းသွားရင် ဂဏန်းလိုမျိုး လက်ညှိုးနဲ့လက်မကို မောက်စ်နှိပ်သလို ကလစ်ကလစ်ဖြစ်မှာတောင်စိုးရိမ်လာရတယ်။ ညဘက် တစ်ရေးနိုးရင်တောင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် ကလစ်ခေါက်လိုက်သေးတယ်။ မောက်စ်တောင်မှ ကလစ်ခေါက်လို့ ပိုကောင်းတဲ့မောက်စ်ဝယ်လိုက်တယ်။ ရုံးမှာ အလုပ်တွေ ဘယ်လောက်များများ တစ်နာရီခြားတစ်ခါ ကလစ်ခေါက်တယ်။ အဲဒီတုန်းက အနောက်မှာထိုင်တဲ့ညီလေးကလည်း ကလစ်ကလစ်၊ ဘေးမှာထိုင်ကြတဲ့ တရုတ်နှစ်ယောက်ကလည်း ကလစ်ကလစ်ပဲ။
နောက်တော့ အပြောင်းအလဲဖြစ်အောင် လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင်တယ်။ လယ်ကွက်တွေရိတ်တယ်။ ပျိုးကြဲတယ်။ ဈေးမှာသွားရောင်းတယ်။ အင်မတန်ပျော်ခဲ့တယ်။ နောက်တော့လည်း လယ်သမားက အိုးပိုင် အိမ်ပိုင်ဖြစ်လာတော့ ပျင်းလာတယ်။ မာဖီးယားဆော့ရင် လူငါးရာနဲ့သိဖို့လိုတယ်ဆိုလို့ Add လိုက်တာ လက်လွန်ပြီး လူဘယ်နှစ်ရာမှန်းမသိဘူးဖြစ်သွားတယ်။ နောက်တော့ ဘယ်သူ့ဘယ်သူမှန်းကို မသိတော့ဘူး။ နောက်ပြီး သည်းမခံနိုင်တာက ကိုယ်ဖတ်ချင်တဲ့ပို့စ်က ပျောက်ပျောက်သွားတဲ့ကိစ္စပဲ။ ရှာလို့ကိုမတွေ့တော့ဘူး။ အိုင်တီ အခြေခံကလည်း နည်းတော့ ဝေါလ်မှာ ပို့စ်တွေ ပျောက်သွားရင် ဘယ်နားပြန်ရှာရမှန်းမသိဘူး။
FB ကသိပ်ပြီး customize လုပ်ခွင့်မပြုဘူး။ ဥပမာ friend list လုပ်ခွင့်ပြုပေမယ့် enemy list လုပ်ခွင့်မပေးထားတဲ့အခါ ခက်တာပေါ့။ Mutual friend ရှိတာနဲ့ပဲ Obama နဲ့ ကျွန်တော်တို့ဟာ မိတ်ဆွေဖြစ်ရတော့မလား။ လာလာပြီး suggestion လုပ်တာလည်း မကြိုက်ပေါင်။ Add စရာလိုတဲ့သူကို ကိုယ့်ဘာသာကိုယ် ရှာဖွေပြီး Add ကြလိမ့်မပေါ့။ Google ကတော့ buzz မှာ ကိုသာဆိုး ဖြစ်သွားပြီး ဒိုင်းဝန် facebook ထက် ကဲသွားတာကြောင့် လုံးဝကိုမသုံးတော့ဘူး။ နောက်တစ်ခုက Tag တွေ။ untag မလုပ်မိရင် အာလူးများသူတွေရဲ့ အာလူးတွေအားလုံး ကိုယ့်တောင်းထဲလှိမ့်ဝင်လာတာ။ ဒါကလည်း social network တွေရဲ့ လိုအပ်ချက်အရ တမင်ကို ဖြည့်ဆည်းထားတာဖြစ်မှာပေါ့။ အဲဒီဒဏ်တွေကို အတော်လေးခံလိုက်ရပြီးသကာလမှာ Mr.broadcast တွေက အခုလေးတင် အိမ်သာဝင်တယ်။ အခုပဲ မျက်တောင်ခတ်လိုက်တယ် ဆိုတာတွေကို အားမနာလျှာမကျိုး wall post တွေမှာ update လုပ်ပါတယ်။ တစ်ခါနှစ်ခါကတော့ မသိသာဘူးပေါ့။ ညာဘက်က ခြေသည်းလေး တစ်စင်တီမီတာကျိုးသွားတယ်။ ဒီနေ့နှပ်ညှစ်လိုက်တဲ့ တစ်ရှူးက 3 ply သာပြောတယ် တကယ်က 2 plyကြီး။ ရှင့်ကို ကျွန်မမုန်းတယ်။(ရည်းစားနဲ့ငြိလာတဲ့အမုန်းတွေရင်ဖွင့်နေတာ။) အရင်က မြန်မာလူမျိုးတွေဟာ စိတ်ခံစားချက်ကို မဖော်ပြတတ်ဘူးဆိုတာ fb မရှိသေးလို့လို့တောင် ထင်မိတယ်။ ဒီနေ့လခရပြီ ဟီဟိ။ ရုပ်ရင်သွားကြည့်ကြရအောင်။ စော်ကြည်ဘဲ၊ မစ္စတာ ဆက်စီ၊ ကောင်မလေးတွေ ငုတ်တုတ်မေ့၊ (ခ) အန်ကယ်ဦးဘလှကြည်သန့် ဆိုသူက နာမည်အမျိုးမျိုးနဲ့ တစ်နေ့တစ်နေ့ friend ဖြစ်နေတာတွေကို ကိုယ့်ဝေါလ်မှာ လာလာပေါ်နေတာကလည်း စင်ကာပူမနက်ခင်းမှာ အမှိုက်သိမ်းကားနောက်ကနေ လမ်းလျှောက်ရင်း အနံ့ဆိုးရှူနေရသလို။ စကတည်းက မ Add မိရင် အကောင်းသား။ Add မိမှ ဆိုးမှန်းသိတာတွေကလည်းမနည်း။
Facebook မှာ အပြစ်မရှိပါဘူး။ ဂိမ်းဆော့ဖို့ တွေ့သမျှ Add ထားမိတဲ့ကိုယ့်အပြစ်ပါပဲ။ တစ်သက်လုံး စကားမပြောလာတဲ့ တေမိမင်းသားတောင် သတ်ခါနီးမှာ please wait, don't do that. I can speak,utter,of course, also can post my words in fb wall လို့ပြောခဲ့သေးတယ်မဟုတ်လား။ လူတွေကလည်း နေရတာက မွန်းကြပ်တဲ့ lifestyle ဖြစ်ကြတာများတော့ fb သာ အမိ၊ fb သာအဖဆိုပြီး ပြေးပြေးလာပြီးရင်ဖွင့်ဖွင့်ပြကြတာနေမှာ။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေမယ်ဆိုတဲ့အခါကြတော့ အဲဒီ active facebooker တွေရဲ့ဒဏ်ကို အတော်လေးခံလိုက်ရတယ်။ ကဗျာဆရာလို့ ကိုယ့်ကိုယ့်ကို ယုံကြည်တဲ့သူတွေကလည်း ဟောတစ်ပုဒ်ကဗျာတွေကို အတင်းကို Tag တယ်။ နားမလည်ပါဘူးဆိုတာတောင်မှ မရဘူး။ ခင်လို့ Tag လိုက်တာဆိုပြီး Tag လိုက်တယ်။ မကြိုက်ဘူးလို့ ပြောရင်ကြတော့လည်း မကြိုက်ကြဘူး။ FB တောင် Unlike ကို like လုပ်ပြီးမှပဲ ပြန်လုပ်ခွင့်ပြုတယ်။ စကတည်းက Unlike လုပ်ခွင့်မရှိဘူး။ အဲဒီတော့ Tag ဆိုတာနဲ့ Like လုပ်တဲ့ Tag Like ကြစို့ ဆိုတဲ့ formula ဖြစ်လာတယ်။ နောက်တော့ အရင်က မဖက်လိုက်ပြီး မိုက်ဘက်ပါရာက မဖတ် Like ပြီး မိုက်ဘက်ပါလာကြတယ်။
အခုနောက်ပိုင်းတော့ facebook မှာ သုံးတဲ့သူတွေဟာ အင်မတန်ကို သန့်သွားပါပြီ။ အခုနက ပြောတဲ့ပြဿနာအများစုဟာ facebook စသုံးချိန်ကနေ ခြောက်လအတွင်း ဆိုးဆိုးရွားရွားဖြစ်လေ့ရှိတဲ့ ဆင်ဒရုန်းတွေဖြစ်နိုင်ပါတယ်။ အခုလို အချိန်မှာတော့ သိပ်ပြီး Aggressive ဖြစ်တဲ့သူတွေမတွေ့တော့ပါဘူး။ မွန်းတည့်ချိန်ကျော်သွားလို့လည်းဖြစ်နိုင်တယ်။ မြန်မာနိုင်ငံလည်း ဒီမိုကရေစီရပြီဆိုတော့ အတိုက်အခံလည်း သိပ်မရှိတော့ဘူး။ ငိုပြတဲ့သူနဲ့ အလွမ်းကားမကြိုက်တဲ့သူပဲရှိတော့တယ်။ ဘာပဲဖြစ်ဖြစ်၊ မီဒီယာနဲ့တိုက်၊ -ျီးကားကို -ျီးကားနဲ့တိုက် ဆိုတဲ့ခေတ်မှာ facebook ကို အခုလို ကျယ်ကျယ်ကြီးဖွင့်ပေးထားတာ ၀မ်းသာစရာပါ။
FB မှာ အက်တစ်မဖြစ်တော့တဲ့အခါမှာ friends တွေအားလုံး တစ်ယောက်စီ ကြည့်ပြီးဖျက်တယ်။ မသိရင်ဖျက်တယ်။ နောက်တော့ မလွယ်ဘူး။ အဲဒါနဲ့ အားလုံးဖျက်လိုက်တယ်။ အဲဒါကပိုလွယ်တယ်ပေါ့။ နောက်မှ အသိတွေကို ပြန် add မယ်လို့ အဓိဌာန်ပြုပြီး မင်္ဂလာဆောင်ဖို့ ခရီးရှည်ကြီးထွက်သွားလိုက်တာ facebook အရည၀ါသီလောက်ဖြစ်သွားပြီ၊ fb ကို သံယောဇဉ်ကင်းပြတ်သွားတယ်။ မကင်းပြတ်ခံနိုင်ရိုးလား။ တစ်နေ့တစ်နေ့ Eunos ကနေ Boonlay ကို MRT စီးချင်တဲ့ရောဂါရနေတဲ့သူလို ပတ်စီးနေတာနဲ့ အချိန်မရှိတော့ဘူး။ Facebook မှာပျောက်သွားလို့ မေးလ်ပို့ထားတဲ့သူငယ်ချင်းတစ်ယောက်ရဲ့မေးလ်ကို မနေ့တစ်နေ့ကမှတွေ့တယ်။ ၈ လလောက်ပဲကြာသေးတယ်။ :)။ Gmail မှာလည်းမရှိဘူး။ Blog မှာပဲကျန်တော့တယ်။ အရင်က သက်တမ်းရဲ့သုံးပုံတစ်ပုံကို အိပ်တယ်။စသဖြင့်တွေပြောခဲ့ပေမယ့်၊ အခုခေတ်မှာဆိုရင်တော့ ဒီလူဟာ မသေခင်မှာ FB မှာ လိုက်ခ်လုပ်တာက သက်တမ်းရဲ့ ၁၀၂ ပုံတစ်ပုံလောက်၊ comment မှာတော့ သက်တမ်းရဲ့ ၈၉ ပုံတစ်ပုံ။ photo upload မှာ သက်တမ်းရဲ့ ၆၉ ပုံတစ်ပုံ အသုံးချပြီး၊ ဖေ့စ်ဘွတ်ခ် နုတ်စ်မှာတော့ သက်တမ်းဝက်လောက်သုံးခဲ့တယ်လို့ ပြောင်းပြောရမလိုဖြစ်လာပြီ။ ပထမအရွယ် Mutual Friends ရှာ၊ ဒုတိယအရွယ် လေကန်ဖက် ရှာ၊ တတိယအရွယ် အသုဘလိုက်ပို့မယ့် မိတ်ဆွေရှာဖို့ဆိုတာတွေ အားလုံးကိုလုပ်ဖို့ကလည်း ဖေ့စ်ဘွတ်ခ်မှာမှ လုပ်နိုင်တာပဲမဟုတ်လား။
နောက်တစ်ခုစိတ်မပါတာက Privacy Setting ကို ဟိုလိုပြောင်း ဒီလိုပြောင်းလုပ်ရတာပါ။ သိပ်ပျင်းစရာကောင်းတယ်။ အိုင်တီနဲ့ဝေးတော့ ဘာမှနားမလည်ဘူး။ ဘလက်ခ် list လုပ်တဲ့အထဲ ကိုယ့်နာမည် ကိုယ်ထည့်ကြည့်သေးတယ်။ မရဘူးဗျ။
fb ကလည်းမခေဘူး။ update အသစ်ထွက်တိုင်း privacy setting ပွင့်ပွင့်သွားသေးတယ်။ အလကားရတာတောင် တော်တော်ကြေးများသလိုဖြစ်နေဦးမယ်။ အခုလည်း ဂူးဂယ် + ဆိုတာကို တစ်ချို့တွေ plus နေကြပြီ။ အသက်ကြီးလာတော့ နည်းပညာနဲ့ ဝေးသထက်ဝေးလာတယ်ထင်တာပဲ။ ၀ါသနာကို မပါတော့ဘူး။ ၀ါသနာပါတာက စာအုပ်တွေဘက်ရောက်သွားပြီ။ digital life ကို သိပ်မကြိုက်တော့သလို၊ အတုအယောင်များတဲ့ virtual world ကိုလည်း မကြိုက်တော့ဘူး။ ပိုက်ဆံစုပြီး အစ်ကီယာက လှုပ်ကုလားထိုင်လေးဝယ်၊ ရေနွေးကြမ်းတစ်အိုးတည်၊ ကော်ဖီတစ်ချိုင့်တည်ပြီး ထန်းလျက်ခဲလေးနဲ့အကျအန စားလိုက်၊သောက်လိုက်၊စားလိုက် သောက်လိုက် လုပ်ရင်း စာအုပ်လေး ဇိမ်ကျကျနဲ့ဖတ်နေရရင် နိပ်မှာပဲ။
FB ကို သဘောထားအနေနဲ့တော့ Neutral ပါပဲ။ လူတွေလည်း အခုအချိန်မှာပိုပြီး Facebook ethic တွေသိလာပြီဖြစ်တဲ့အတွက် စိတ်ချလက်ချ @dd လို့ရပါပြီ။ friend list holocaust ထဲပါသွားခဲ့ဖူးတဲ့ မိတ်ဆွေတွေကိုလည်း တခါတည်း ရှင်းပြပြီးသားဖြစ်သွားအောင် ဒီပို့စ်ကို တင်လိုက်ပါတယ်။
In 2011, September 9, every friend is juz a fb second far away from each other. (Zephyr).
Z
Peace B with you, now I am playing with my blog, of course, it is under maintenance!!!
