Friday, November 26, 2010

Who am I?

Who am I?

I am the letter "I". As you see, I am the ninth alphabet.
So, I can say "I am" and you can say "I is".
"I" live inside your mind. Some people believe there is no real "I" inside one's mind.
So where am I or where is I?
Being an "I" is awful. "I" was/is referred by the whole crowd of idiots all the time though I is/am not that stupid. Some people say on behalf of me as "I say". In deed it should be "I says". But let bygones be bygones.

"I want to sleep"
"I love you"
"I want to do some evils"
"I need democracy"
"I hate you"
"I want to read"
So who is another "I" besides me, the alphabet "I" in above mentioned sentences. I am looking for my true identity. "I" never is a terrorrist. "I" never is an arahat. "I" never is a saint.

"I" is so popular since almost all people use my name as they are me. Who the hell are they? Some who killed fellow beings and even monks( I think in China ) say "I do what I believe". "I" never believes what they are believing. "I" will sue them for this nonsense statment referred to "I", me.

A monk says me "He doesn't have "I"".
I asked him who are you.
He replied "you are "I" and you have state of being "I" and you also have got the right to say "I-related" word, "my" words, such as (my peace, my basic needs, my right, my freedom, my nails that need to be cut, my sweetie who needs to be kissed), but if you become out of the state of being"I", you will lost the word "your". In short, if there is no "I", there is no "my".
"I" is confused and asked "WHO ARE YOU ???????"
"Nothing, and free from being something" the monk whispered.

Today, when I meet with "I", he become a monk "I" instead of alphabet "I".

Tomorrow, when I will read the headline from the newspaper, it will be clearly stated in bold and 16pt words "alphabet "I" is dead".


Zephyr.
(:P Written by me.)

Notes:
NOW YOU SEE, "I" is dead. So there will be another "I" you may see in your daily life. But don't forget "I" is dead.
"I" don't/doesn't care my English is good or bad or even is unacceptable. My editor will care :).
"I" will not say democracy is good or bad or awful since ppl don't know what is Democracy.
"I" will live in a peacful hut in the forest as in Walden.
If you understand the fallacy's nature, you will see most of the well educated politicians try to avoid "I" to create powerful doubletalk/doublespeak.

This post is a promotion post for charity donation mentioned in :


(((((((((((((((((((((((((((Let's make a better world ...!!!!!!!!!!!!!!!!!!))))))))))))))))))))))))))))



Peace B with U.

Tuesday, November 23, 2010

အမှိုက်ပုံသွားဖို့ roadmap လို/မလို

အမှိုက်ပုံသွားဖို့ roadmap လို/မလို

ခေါင်းစဉ်ကြီးက တယ်ထွားတော့ တချို့လည်းယောင်ယမ်းပြီး မျက်လုံးကိုပွတ်ကြတယ်။ ငရုတ်သီးထောင်းနေတဲ့ ဒီမိုတွေရော၊ ဆန်စင်ရာကျည်ပွေ့လိုက်တဲ့ဟိုမို(ဒီမိုနဲ့ဆန့်ကျင်ဘက်ဟုသာယူဆပါ။ နောက်ထပ်ဟိုမိုတစ်မျိုးကိုမဆိုလိုပါ။)တွေရော ....၊ ဘာမဆို လွန်လွန်ကျူးကျူးပျော်လေ့ရှိတဲ့မြန်မာ့ဓလေ့နဲ့အညီဆိုသူတွေရော၊ ခါတော်မီနိုင်ငံရေးသမားတွေရော ဒီအဆိုကို နည်းနည်းတော့ စဉ်းစားဖို့ကောင်းတယ်။ အမှိုက်ပုံသွားဖို့ roadmap လိုသလား။မလိုဘူးလား။

ဘီစီငါးရာစုလောက်ကတည်းက ဂရိမှာ demokratia ဆိုလား လူထုအုပ်စိုးတဲ့စနစ်ဆိုလား ရှိနေပါပြီ။ ကျွန်တော်တို့အတော်လေးနောက်ကျသွားပြီထင်ပါတယ်။ မှီရာကားနဲ့ပဲလိုက်ကြရအောင်။

ကျွန်တော်တို့ငယ်တုန်းက ၀ါဒဖြန့်မှုတစ်ခုမှာ မကြာမကြာကြားရတာက မင်းမဲ့အကြမ်းဖက်မှုဝါဒဆိုလား ၊ ဒီမိုကရေစီကို ဘာသာပြန်ချက်။ နိုင်ငံတော်သတင်းစာက ဘာသာပြန်များတော်ပုံ။ အဲဒီတုန်းက ခေါင်းတွေဘာတွေဖြတ်တာတွေရှိတယ်။ ရောထွေးတာပေါ့။ အမုန်းကို ဘာနဲ့ပေါင်းပေါင်း၊ ဒီမိုကရေစီနဲ့မပြောနဲ့၊ နိဗာန်ရောက်ကြောင်းနဲ့ပေါင်းရင်လည်း အမုန်းကတော့ အမုန်းပဲ။ ဒေါသတွေရောပြီး သတ်တာဖြတ်တာတွေဖြစ်တယ်။ အဲဒီတော့ အမုန်းရဲ့ဘေးထွက် သတ်ဖြတ်မှုတွေဖြစ်တယ်။ အဲဒါကို ဒီမိုကရေစီကြောင့်လို့ သတ်မှတ်တော့ အရင်ကတွေးမိတာ ဒီငနဲဟာ deductive logic တောင် ကျောင်းမှာ မသင်ခဲ့ရတဲ့ နလပိန်းတုံးတွေထဲက အဖျင်းဆုံးကောင်ဆိုပြီးတွေးမိတယ်။ မျှမျှတတပြောရင် အဲဒါဟာလည်း bulls**t propaganda တစ်ခုပါပဲ။ Harry G. Frankfurt ပြောသလို Bullshit ဟာ လူလိမ်ထက်ကြောက်စရာကောင်းတယ်ဆိုတာကို အတော်လေးသတိထားမိစေပါတယ်။ ထင်ရှားတဲ့ဥပမာကတော့ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုန်းကြီးတွေနားကို အရူးတွေထည့်ပေးလိုက်တဲ့အကွက်ပါ။ အဲဒါကိုတော့ မှတ်မှတ်ရရရှိပါတယ်။ အဲဒီလောက်ဥာဏ်ပြေးတဲ့ bulls**t ဟာ ငတုံးမဟုတ်ဘူးဆိုတာကို သတိထားမိပါတယ်။ ဒါဟာ philosophy မှာဆိုရင် အဆိုကို ချေဖို့အတွက် အဖြေမထုတ်ဘဲ မေးခွန်းနဲ့ အဆိုကိုေ၀၀ါးသွားအောင်လုပ်တာမျိုးဖြစ်ပါတယ်။

eg.
Statement: မောင်ဘတို့အုပ်စုဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်။
Feedback: မောင်ဘတို့အုပ်စုဟာ အမှန်တရားအတွက် အချောင်ခိုတုန်းကလည်း ပါတာပဲမဟုတ်လား။

statement: ဒီမိုကရေစီဝါဒဟာ လူတစ်ဦးစီရဲ့လွတ်လပ်မှုကိုတန်ဖိုးထားတယ်။
Feedback: ဒီမိုကရေစီသမားတွေက ခေါင်းဖြတ်တယ်မဟုတ်လား။

statement: ဘုန်းကြီးတွေက ပရိတ်ရွတ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြတယ်။
Feedback: အရူးတွေနဲ့ဘုန်းကြီးတွေ အတူရှိနေခဲ့တာမဟုတ်လား။

အဲဒါတွေကို သိရင် ထင်သလောက်လည်း တို့အစိုးရက မညံ့ပါလားလို့တွေးမိပါတယ်။ ဆိုလိုတာက လိုအပ်တဲ့အကြံဥာဏ်တွေကို အချိန်မီထုတ်နိုင်တဲ့ ဥာဏ်ပြေးတဲ့သူတွေ အများကြီးရှိတယ်ဆိုတာကို highlight လုပ်ချင်တာပါ။

ငယ်တုန်းက ဆရာကပြောတယ်။ သူက အင်္ဂလိပ်စာသင်တယ်။ လုံဒုံဆိုတဲ့အရပ်ကနေ ပြန်လာတဲ့အတွက် စာအုပ်တွေအများကြီးဝါးစားသလိုဖတ်ခဲ့တယ်လို့သိရတယ်။ သူပြောတာက နိုင်ငံတစ်နိုင်ငံမှာ တော်တဲ့သူနဲ့ ညံ့တဲ့သူဘယ်ဟာများလဲဆိုတာကိုပါ။ ဘယ်ဟာများလဲ ဖြေကြည့်ပါဦး။ သေချာစဉ်းစားပြီးဖြေပါ။ တော်ကြာ အမျိုးမျိုးဖြစ်ကုန်ရင် အဆိုးမဆိုစေချင်ဘူး။ သူက အဲဒီလိုကြီးမေးတော့ ပြတ်ပြတ်သားသားဖြေလိုက်မိတယ်။ လူညံ့တွေသိပ်ပေါတာပဲ။ သတင်းစာမှာတောင် အတော်လေးသိသာနေတာပဲ။ လူတော်တွေဘယ်နှယောက်ပါတယ်ရှိလို့လဲ(သင်တန်းက ကျောင်းသားတစ်ယောက်အဖြေဖြစ်သည်။) ဒါဆိုလူညံ့က majority မဂျောရတီဖြစ်ပြီး လူတော်ဆိုတာတွေက မိုင်နောရတီး manority တွေပေါ့။ ဒီမိုကရေစီက majority ရဲ့ အဆုံးအဖြတ်က အတည်တဲ့ကွတဲ့။ ................သေပါလေရော။

ငယ်တုန်းကသေသွားတယ်။ အဲဒီတုန်းက အငြင်းသိပ်မသန်သေးတော့၊ dominant တွေ နန့်တဲ့အကြောင်းသိပ်ပြီး အာမချောင်လိုက်ရဘူး။ ဟစ်တလာဆိုတဲ့ငပေါတစ်ကောင်နောက်မှာ တစ်နိုင်ငံလုံးပေါသွားတာတွေ ဘာတွေ၊ လူမျိုးကြီးဝါဒတွေ၊ လူကြီးမျိုးဝါဒတွေကိုလည်း ဖတ်မထားမိလိုက်တာလည်းပါတယ်။ အခုတော့ ဆရာလည်းမရှိတော့ဘူး။ သေသွားတာတော့မဟုတ်ဘူး။ စာမသင်တော့ဘဲ တစ်နေရာရာမှာ နားနားနေနေ တရားအလုပ်နဲ့ ဘ၀ကို တည့်မတ်နေပြီ။ ဆိုတော့... ဒီကိစ္စကို ဆရာနဲ့မငြင်းလိုက်ရတာကို ဒီပို့စ်ကိုရေးလိုက်ရတာပါပဲ။

ပြောရရင်တော့ အနှောင့်အသွားမလွတ်တာတွေပါလာနိုင်တယ်။ အဲဒီအတွက် အတော်လေးထိန်းထိန်းသိမ်းသိမ်းရေးရင်းနဲ့ရေးစရာမရှိတော့ဘူးဖြစ်ဖြစ်သွားတယ်။ ဘယ်သူ့ကိုမှ နာလိုခံခက်မဖြစ်စေချင်ဘူး။ အရင်က မင်းမဲ့ဝါဒ၊ အကြမ်းဖက်ဝါဒလို့ ဒီမိုကရေစီကိုရှုတ်ချရာကနေ၊ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံကြီးကိုတုပြီး။ နေပြည်တော်ဒီစီလုပ်တာတို့၊ တိုင်းဒေသကြီး ဆိုတဲ့စကားလုံးမျိုးကအစ တုပသုံးစွဲတာမျိုး၊က အစ၊ နောက်ဆုံး roadmap ဆိုတာအထိကို ဖြစ်လာတာ အတော်ကြီးစိတ်ဝင်စားစရာကောင်းတယ်။ တစ်ကမ္ဘာလုံးက ကားကို Mass production ထုတ်နေတဲ့အချိန်မှာမှ ကားကို အစကနေဘော်ဒီပြန်ထုတာကအစ လူနဲ့လုပ်ဖို့ကြိုးစားနေတဲ့နိုင်ငံမျိုးမှာ reinvent the wheel ဆိုတဲ့စကားလုံးကို အာပေါက်မတတ်ပြောလည်း အရာမ၀င်ပါဘူး။ ကျွန်တော်တို့မှာ ကွန်ပြူတာရှိနေပြီ။ ဒါဆိုရင်ဘာလို့ vacuum tube ကနေပြန်စမလဲ။ မလိုတော့ဘူး။ ပြန်စရင်ရောမရဘူးလား။ မလိုပေမယ့် ပြန်စရင်တော့ရတယ်။ မလိုပေမယ့် အစကပြန်လုပ်ရင်မကောင်းဘူးလား။ လိုမှမလိုတာဆိုပြီး အစက ပြန်မလုပ်ကြရင် တကယ်လိုရင်ဘယ်လိုလုပ်မလဲ။ ......အတော်လေးကို ဇဝေဇ၀ါဖြစ်စရာကြီးနော်။ ဥပမာတစ်ခုဖတ်ကြည့်ပါ။


xanthos: ဟေ့ကောင် မင်း ဘယ်တော့ မိန်းမယူမလဲ။
zephyr: ကလေးမမွေးခင် တစ်နှစ်ခွဲအကြာကွာ။
xanthos: ကလေးက ဘယ်တော့မွေးမှာလဲ။
zephyr: မိန်းမယူပြီး တစ်နှစ်ခွဲအကြာပေါ့ငတုံးရ။


ဖြေသာဖြေနေတယ်။ အဖြေက ပါမလာဘူး။ ဆိုလိုတာက မလိုဘဲလုပ်တာဟာ လုပ်သင့်လို့လို့ယူဆရင် အဲဒါက ဆက်ပြောလို့မရတော့ဘူး။ GNP။ GDP တွေတွက်တဲ့ကိစ္စတစ်ခါရေးဖူးတယ်။ လူဘယ်နှယောက်လိုသလဲဆိုတာမျိုးပါ။ ထားလိုက်ပါတော့ လိုရင်းကိုပဲရေးတော့မယ်။ မြန်မာပြည်မှာလည်း ဗရုတ်ဗရတ် roadmap ဆိုတာရှိတယ်။ တစ်ချို့ကိစ္စတွေမှာ roadmap မလိုဘူး။ ဥပမာလေလည်ဖို့၊ အပေါ့အပါးသွားဖို့၊ လက်ခုပ်တီးဖို့၊ ညီလာခံသွားရင်းဆေးရုံတက်ဖို့ စတဲ့ကိစ္စတွေမှာ roadmap မလိုဘူး။ စင်ကာပူမှာဆိုရင် အခွန်ဆောင်တဲ့ကိစ္စ၊ စီးတီးဟောမှာထမင်းစားတဲ့ကိစ္စ၊ eco friendly အိမ်သာတွေမှာ လေလည်သင့်မလည်သင့်ဆုံးဖြတ်ရတဲ့ကိစ္စတွေမှာ roadmap မလိုပါဘူး။

Democracy ကို တစ်ချို့က ဒမော့ခ်ခရေစီ လို့ နိုင်ငံခြားသားဖြစ်ပြီး အသံထွက်မှားနေတယ်။ ဒီမိုကရေစီလို့ အသံမထွက်ကြဘူး။ ဒီကိစ္စကိုတော့ ကျမ်းလေးမှာစိုးလို့ ချန်လှပ်ထားလိုက်တယ်။ ၀င်စတန်ချာချီဆိုတဲ့ငနဲကပြောတယ်။ Decmocracy ဟာ အဆိုးဆုံး အစိုးရပုံစံပဲတဲ့။ ဗျစ်တသျှလိုပြောရင် Democracy is the worst form of Government တဲ့။ အဲဒီလိုကြီးရေးလိုက်ရင် ပျော်များသွားမလားစိုးရိမ်မိပါတယ်။ စာကြောင်းကမပြီးသေးပါဘူး။ သူက မရပ်ဘဲဆက်ပြောတဲ့အတွက် ဇာတ်လမ်းက အသောလေးကနေ ကြေကွဲစရာလေးဖြစ်သွားရပါတယ်။ except all those other forms that have been tried time to time. အဲဒီတော့ ဘယ်လိုဖြစ်သွားသလဲဆိုရင် အချိန်နဲ့အမျှ ဟိုပြောင်းဒီပြောင်းလုပ်နေရတဲ့ တခြားသော အုပ်ချုပ်မှုပုံစံတွေကမပါဘဲပြောရင်တော့ ဒီမိုကရေစီက အဆိုးဆုံးအုပ်ချုပ်ရေးပုံစံပါပဲဖြစ်သွားတယ်။ ဆိုလိုတာက ဒီမိုကရေစီဟာ တစ်ဖက်လပ်ဆို ကျန်တဲ့အုပ်ချုပ်ရေးစနစ်တွေဟာ စုံလုံးကန်းဆိုတာပါပဲ။(လက်ခုပ်သံများခဏစောင့်ရန်။)

ဒီမိုကရေစီရဲ့ကောင်းကွက်များ။

အနည်းဆုံးကတော့ လေလည်ရင်တောင် ကျယ်ကျယ်လည်လို့ရတာပေါ့။ တော်ကြာဖွတ်ခနဲ လေလည်တတ်တဲ့သူဆိုရင် တို့ပါတီကို စော်ကားတယ်ဘာတွေညာတွေမဖြစ်ရတော့ဘူးပေါ့။ ဒီမိုကရေစီက ကျွန်တော်တို့တိုင်းပြည်နဲ့သိပ်မသင့်တော်ဘူး။ ဘာလို့လည်းဆိုတော့ ဒီမိုကရေစီရဲ့ အဓိကရည်ရွယ်ချက်က stability ဖြစ်တယ်။ သူက growth ကို ဒီလောက်ဦးစားမပေးဘူး။ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုတာတွေကို အကောင်အထည်ဖော်ပေးပြီးသား(အဟမ်းအဟမ်း ...ချောင်းဟန့်သံများကြားရသည်။) နိုင်ငံမျိုးတွေမှာ မသင့်တော်ဘူး။ နောက်တစ်ခုက အစိုးရက စားသာတယ်ဗျာ။ မင်းတို့ငါ့ကို ရွေးထားတာနော်။ complaint မတက်နဲ့။ ရွေးတုန်းက ရွေးထားပြီး..ဟွန့် ...ဆိုတာမျိုးလုပ်နိုင်တယ်။(ရာခိုင်နှုန်း ၁၂၅ ဆိုတာမျိုးနဲ့နိုင်တာကွ။ ...) ကျွန်တော်က သာ သာသာယာယာလေးလေပြေလေးနဲ့ပြောတာ။ ဒီဘိုးနိုးကြီးကတော့ရွဲ့တယ်ဗျာ။ ဘာနဲ့တူသလဲဆိုရင် သေမိန့်ချပြီးသားလူကို ဘာနဲ့သေချင်လဲမေးရသလိုပဲတဲ့။ သမ္မတက ဒီလိုလေး သေချင်တယ်ကွာ ...ဆိုရင် သေရတာပဲ။ သူ့ကို လုပ်ခွင့်ပေးလိုက်ပြီကိုး။ ပတ်တီးစုံ (မူကွဲ ပါတီစုံ) ဒီမိုကရေစီဆိုလည်း ... ဒီလိုပဲ အဖွဲ့လိုက်၊ စုဝေးပြီး ကိုယ်ကြိုက်သလို သေဖို့ရွေးလို့ရသလို ... ရွေးကောက်လိုက်တဲ့နှစ်အတွင်းမှာ လုပ်ချင်တာလုပ်ကြတာပါပဲ။ ဘွတ်ရှ် (သိပ်ရှော်တဲ့သတင်းစာဆရာကတော့ ဘုမပါဘဲ ဘုရှ် လို့ ခပ်တုံးတုံးအသံဖလှယ်တာတွေ့ဖူးတယ်။ ဂိုထေး/ဂွယ်ထည်ကို ဂွေးတိုလို့ အသံထွက်မှားတာမျိုးပေါ့လေ။)
တို့ဆိုရင် အဖေကို အားကျလို့ သားကပါ သမ္မလုပ်ပြီး စစ်တိုက်တမ်းဆော့သွားတာ။ အဖေ့ထက် လက်စောင်းထက်တော့ အဖေကတောင် သမ္မတ သက်တမ်းပြီးတော့ ပြည်သူကို တောင်းပန်သွားသေးတယ်။ ဂျူနီယာ ဘွတ်ရှ်(Bullsh**) ကတော့ တောင်းပန်တာကို ၀ါသနာမပါဘူးတဲ့။မ တောင်းပန်တတတ်တဲ့သူတွေထဲမှာ ကလင်တန်ရဲ့မိန်းမလည်းပါတယ်။ အီရာ့ခ်မှာ စစ်တိုက်ဖို့ ထောက်ခံတုန်းက ထောက်ခံခဲ့ပြီး တောင်းပန်ဖို့အချိန်ရောက်တော့ ဒီလိုပြောတယ်။ အဲဒီတုန်းက အခြေအနေတွေကို အခုသိသလို အဲဒီတုန်းက သိခွင့်ရရင် ကျွန်မထောက်ခံခဲ့မှာမဟုတ်ပါဘူးတဲ့....။ ဝေ့လည်ကြောင်ပတ်ပြောတာ။ အဲဒါတွေကို ဒီမိုကရေစီမှာလုပ်လို့ရတယ်။

နောက်ထပ်ကောင်းတာတစ်ခုက နောက်တစ်ခါမဲဆွယ်တဲ့အခါ အပြောင်းအလဲကိုမျှော်လင့်လို့ရတယ်။ (ဟူးးးးးးး။ ကြိုတင်မဲများလားလို့တွေးမိလို့။) ရွေးချယ်ခံရမယ့်သူတွေက ပြည်သူလူထု (အရပ်သားဆိုတာလည်း သူတို့ပဲ၊ ရာခိုင်နှုန်းအနည်းငယ်ဆိုတာလည်းသူတို့ပဲ၊ ဘေးလွတ်ရာသို့ပို့ဆောင်ပေးလိုက်တယ်ဆိုတာလည်း သူတို့ကိုပဲ၊ အတိုက်အခံအနည်းငယ်ဆိုတာလည်းသူတို့ပဲ၊ ) ကို စိတ်ပျက်အောင်လုပ်လို့မရဘူး။ ပိုကောင်းတဲ့ပညာရေးရစေရမယ်ဆိုပြီး ရှေ့စာရွက်သုံးမျက်နှာကို ကြွေစက္ကူနဲ့ရိုက်ပေးလိုက်တယ်ဆိုတာမျိုးလုပ်လို့မရဘူး။ နောက်တစ်ခါ ရွေးကောက်ပွဲမှာ ကြိုတင်မဲသိသိသာသာကျဆင်းဆိုတာမျိုးဖြစ်ကုန်မယ်။ စီးပွားရေးအထူးဖွင့်ဖြိုးလာကြဆိုပြီး၊ ထီပေါက်သွားတဲ့လယ်သမားအိမ်ခေါ်ပြလို့မရဘူး။ ဒါတွေကရိုးဟိုးဟိုးသွားပြီ။ ဒီမိုကရေစီမှာ လူတွေက ကိုယ်ရွေးချယ်ပြီးသားကြီးကို (ယူမိတဲ့မိန်းမ ပြန်လဲလို့မရတော့လို့ သည်းခံသလို(မူကွဲ ၀ယ်မိတဲ့ကား၊ ဓားပြပဲတားတား၊ တည်မိတဲ့ဘုရား လင်းတပဲနားနား)) သည်းခံကြပါတယ်။ ကိုယ်ရွေးတာကိုး။ ကိုယ့်မိုက်ပစ်နဲ့ကိုယ်သာ ရှိပါစေတော့ မေရယ်၊ မေရယ် ...ဆိုတာမျိုးပေါ့လေ။ ဒါပေမယ့် အခုပြောနေတာက စစ်မှန်တဲ့ ရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်မှုနဲ့ ရလဒ်ကို မူတည်တဲ့ ဒီမိုကရေစီကိုပြောပါတယ်။


ဒီမိုကရေစီရဲ့ ကန့်သတ်မှုများ

သိပ်အများကြီးမမျှော်လင့်နဲ့။ ဒီမိုကရေစီဆိုတာလည်း ဘုရားလောင်းဘုရင် အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးမဟုတ်ဘူး။ နည်းနည်းတော့ အားနည်းချက်ရှိတယ်။ ။ Democracy ကို ဒီဇိုင်းလုပ်ထားတာက tyranny ကို ကာကွယ်ဖို့။ နိုင်ထက်စီးနင်းပြုမူတာကိုပြောတာပေါ့။ tyranny။ Dinosaur ထဲမှာ အကောင်ကြီးပြီး အသားစားတဲ့ကောင်ကို tyrannosaurus လို့ခေါ်တယ်။ အနိုင်ကျင့်တဲ့စနစ်ဆိုတာက သက်ဦးဆံပိုင်ဆိုရင် ဘုရင်က အားလုံးကို တရားဝင်အနိုင်ကျင့်ခွင့်ရှိတယ်။ မောင်းမ ၆၀ ယူခွင့်ရှိတယ်။ ဘုရားမဟုတ်ဘဲ ဘုရားထူးတာကို ခံခွင့်ရှိတယ်။ အဲဒီလို အနိုင်ကျင့်လို့ရတယ်။ စည်းမျဉ်းခံလည်းထိုနည်းတူပဲ။ ကျန်တာတွေလည်း ရှိသေးတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တာတွေမရေးဘူးလို့ပြောထားလို့ သိပ်မရေးတော့ဘူး။ အဲဒီတော့ နိုင်ငံမှာ ဒီမိုကရေစီကြောင့်ဖွံ့ဖြိုးလာမယ်လို့ သိပ်မျှော်လင့်ရင် မှားမယ်။ ဒီမိုကရေစီဟာအခြေခံကောင်းကိုဖော်ဆောင်ရုံပဲ။ နောက်တစ်ခုက ကောင်းတာလုပ်တာနဲ့ ဝေဖန်ရတာဘယ်ဟာကလွယ်လဲဆိုတာပါပဲ။ အဲဒီတော့ အာဏာရသွားတဲ့ ဘက်က လုပ်သမျှကို အတိုက်အခံကဝေဖန်နေမယ်။ လမ်းခင်းရင် သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းဘူး။ရှိပြီးသားလမ်းကိုကြတော့မပြင်ဘူး။ စသဖြင့်။ ဆည်ထဲကရေတွေ ခိုးပြီးလွှတ်ရင် ရေကြီးလို့အပြစ်တင်မယ်။ မလွှတ်ဘဲထားရင် ဆည်ကျိုးမယ်။ အတိုက်အခံပါတီဟာ လက်ရှိအာဏာရပါတီကို ခြေသလုံးမိခြေသလုံး၊ လည်ကုပ်မိရင် လည်ကုပ်ကိုက်မယ်။ခဲမယ်။ ပါးပါးလှီးမယ်။ ချိုဖြုတ်ရောင်းမယ်။ အမြီးကနေဆွဲပြီးဖမ်းမယ်။ အဲဒီလို အကွက်ချောင်းမယ်။ ရှင်းရှင်းလေးတွေးကြည့် လူတွေကို တစ်ဝက်စီခွဲလိုက် ...။ လူတော်တစ်ဝက်ဟာ ဘာမှမလုပ်တော့ဘူး။ ဆန့်ကျင်တာပဲလုပ်နေတော့တယ်။ အဲဒါဟာ နိုင်ငံအတွက် ဆုံးရှုံးတယ်။ ဟိုဘက်မှာလူတော်တွေပါနေရင်ပြောပါတယ်။ ငတုံးတွေချည်းပဲဆိုရင်တော့ သူတို့ အလွဲတွေကို ဘယ်သူမှ အဖက်လုပ်ပြီး ပြောမနေလောက်ပါဘူး။ အသိသာဆုံးဥပမာက ၂၀၀၈ မှာ ကင်ညာနဲ့ပါကစ္စတန်။ ဘာမှ အလုပ်မဖြစ်ဘူး။ နည်းနည်းပဲလုပ်ရသေးတယ်။ နောက်တစ်ဖွဲ့ကဖျက်ပြီ။ေ-ာက်ကျိုးနည်း ....တော်တဲ့သူတွေများ ...အပြစ်ပဲမြင်တော့တယ်လို့ ကြားဖူးတယ်။

အပွင့်ကြီးနဲ့ပိတ်ဆို့ခံနေရရှာ

Zephyr တို့ ဘာသာပြန်ပက်စက်တယ်ဖြစ်မှာစိုးလို့ နည်းနည်းလောက်ပဲပြန်ပါတယ်။ Blocked by openess.ကို ပြန်ုလိုက်တာပါ။ တော်ကြာ ဒီဘိုနိုးရူးတာလား၊ Zephyr ရူးတာလားမသဲကွဲပဲဖြစ်နေနိုင်တယ်။ ကျွန်တော်တို့ကားမောင်းတဲ့အခါ ရှေ့မှာ barrier block ရှိရင် ပိတ်နေပြီဆိုတာသိတယ်။ ရှေ့မှာ ဘာမှပိတ်မနေလို့ ဘာဆက်လုပ်ရမှန်းမသိတာမျိုးလည်းရှိတယ်။ ဟင်းလင်းပြင်ရဲ့ပိတ်ဆို့မှုကိုခံနေရတယ်လို့ပြောနိုင်တယ်။ express way မှာလို ရှေ့မှာ အပွင့်ကြီးပဲ၊ ဆက်သွားရင်းသာ လွဲရင်လွဲသွားမယ်။ ပိတ်တော့မနေဘူး။ ပွင့်နေတယ်၊ ဒါပေမယ့် ဆက်သွားဖို့ ဆုံးဖြတ်လို့မရရင် ကိုယ့်အတွက် ပိတ်ဆို့ခံနေရသလိုပဲ။ လင်းဟင်းပြင်ပဲ အတားအဆီးမရှိဘူး။ ဒါပေမယ့် ပိတ်ဆို့နေတဲ့အခြေအနေ။ တစ်ချို့တွေက ကာထားတာတွေ့ရင် ပြန်လှည့်မယ်ဆိုပြီးမောင်းလာကြတာ။ ကာထားတာမတွေ့တော့ ဘယ်တော့ ပြန်လှည့်ရမလဲမသိတော့ဘူး။ ဒီမိုကရေစီက သိပ်ကို လွတ်လပ်ခွင့်ပေးတော့ ဒါကို ဘယ်လို ပိုကောင်းအောင်လုပ်မလဲဆိုတာကို မဆုံးဖြတ်နိုင်တော့ဘူး။ လုပ်ခွင့်ရှိတယ်၊ ဒါပေမယ့် မလုပ်နိုင်ဘူး။ လုပ်ခွင့်ပေးထားရက်နဲ့ကို မလုပ်နိုင်ရင် အဲဒါဟာ အပွင့်ကြီးနဲ့ပဲ ကိုယ့်မှာ ပိတ်မိနေတာပါပဲ။ ဒီမိုကရေစီကိုရော ဘယ်လို အဆင်ပြေအောင် လုပ်မှာလဲ။ ကိုယ့်နိုင်ငံအတွက် နည်းနည်းပါးပါး ဆံပင်လေးဘာလေးတိဖို့လိုမလား။ နာမည်လေးဘာလေးပြောင်းဖို့လိုမလား၊ မြန်မာဆန်ဆန်နာမည်လေးဘာလေး၊
အပြောင်းအလဲ
ဒီမိုကရေစီဟာ ပြောင်းစရာထပ်မလိုလောက်အောင်ကောင်းတဲ့စနစ်မဟုတ်ပါဘူး။ အပြောင်းအလဲဆိုတာနဲ့ ဆန့်ကျင်မှု အင်အားစုနှစ်ခုရှိတယ်။ တစ်ခုက လက်ရှိအနေအထားကြောင့် အဆင်ပြေနေတဲ့သူတွေ။ ဆိုကြပါတော့ နာဂစ်မှာ တစ်ချို့ စီးပွားရေးသမားတွေ သိပ်ပျော်တယ်။ အများကြီးမြတ်လို့။ ဘာမဆို သူတောင်းတဲ့ဈေးနဲ့ဝယ်နေကြတဲ့အခြေအနေကိုး။ စိတ်ထားမကောင်းတဲ့သူတွေ၊အခွင့်အရေးသမားတွေကို နာဂစ်မှာ အပုံလိုက်တွေ့ကြရတယ်။ အဲဒီလို အဆင်ပြေနေတဲ့သူကို နောက်ထပ် နာဂစ်တစ်ခုလောက်ရမယ် ဆိုရင် ပျော်နေဦးမှာပဲ။ သူကြိုက်တဲ့အခြေအနေကိုး။ လက်ရှိအနေအထားမှာ ဂွင်ကောင်းနေတယ်သူက အပြောင်းအလဲကိုကြောက်တယ်။ အရည်အချင်းမရှိဘဲ ရှိသလိုနဲ့လုပ်နေတဲ့သူက အရည်အချင်းတကယ်လိုတဲ့ အပြောင်းအလဲကိုကြောက်တယ်။ နိုင်ငံရေးနဲ့စီးပွားရေး တွဲလုပ်တဲ့ သူတွေက စီးပွားရေးကို ကူမယ့် နိုင်ငံရေးမရှိတော့မှာ ကြောက်တယ်။ နောက်တစ်မျိုးက အခုလက်ရှိ အနေအထားကို အကောင်းဆုံး ထင်နေတဲ့သူတွေ က အပြောင်းအလဲကိုကြောက်တယ်။ မလိုတော့ဘူးလို့ထင်တယ်။ အပြောင်းအလဲထပ်ရှိစရာမလိုတော့ဘူး။ ဒါအကောင်းဆုံးဆိုတဲ့အမြင်မျိုးပေါ့။ ဘာကိုသတိရလဲဆိုရင် တရားအားထုတ်တဲ့သူတွေမှာ မဂ်တု ကျတာမျိုး။ စာတွေကလည်းဖတ်ထား၊ တရားသာ သေချာအားမထုတ်တယ်၊ ဥာဏ်စဉ်ကိုတော့ အားတိုင်းနာနေတော့ ဘာမဆိုကြိုသိနေတဲ့သူတစ်ချို့မှာ မဂ်မဆိုက်ပဲ မဂ်တု ဖြစ်တတ်တယ်။ အဲဒါကို ကိစ္စပြီးပါပြီဆိုပြီး သာသာယာယာလေးနားလိုက်ရင် သွားပြီ။ အစစ်အမှန်နဲ့ အတုနဲ့ကတူသလိုလိုနဲ့ကွာတယ်။ ဒီမိုကရေစီဟာ အကောင်းဆုံးဆိုပြီး လက်ခံရင် ဒီထက်ကောင်းတာ ဆက်မရှာတော့ဘူး။ လမ်းဆုံးသွားပြီ။ ဒီမိုကရေစီဟာ ဘာလဲဆိုတာလောက်ကို သေချာသိအောင်မလုပ်ဘဲ၊ ကျင့်သုံးတဲ့လမ်းစဉ်လား၊ နောက်လိုက်လုပ်ရတဲ့လမ်းစဉ်လားလောက်တောင် မကွဲပြားရင်တော့ အတော်လေး ပြောရခက်ပါတယ်။ တိုင်းသူပြည်သားတစ်ယောက်စီဟာ ဒီမိုကရေစီကို ကျင့်သုံးမှ ဒီမိုကရေစီနိုင်ငံဖြစ်မယ်။ ဒီဘိုးနိုးကတော့ သူ့ရဲ့ နာမည်ကျော် ဦးထုပ်တွေကို အစိုးရအဖွဲ့တွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးဖို့ အားပေးတယ်။ ဒီဘိုးနိုးဆိုတာနဲ့ ဦးထုပ်တွေ၊ဖိနပ်တွေ။ lateral thinking တွေသိပြီးသားလို့ယူဆတဲ့အတွက် အကျယ်မရေးတော့ပါဘူး။ သူက ဒီမိုကရေစီကို enhance လုပ်ဖို့စဉ်းစားပေးတာပါ။ ပါလီမန်မှာဆိုလည်း လူထုရဲ့ ဆန္ဒကို ဆက်လက်ပြီး ရယူနေလို့ရတဲ့ စနစ်မျိုးကို ချပြဆွေးနွေးပါတယ်။ အခုလောလောဆယ် ဒီမိုကရေစီတွေမှာက လူထုက ရွေးကောက်ပြီးရင် ထိုင်စောင့်နေရတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲမတိုင်ခင်အထိ ထိုင်စောင့်နေရတယ်။ အဲဒါဟာ အင်မတန် စိတ်ပျက်စရာကောင်းတဲ့အချက်ပဲ။ မှတ်ဥာဏ်မကောင်းလို့ ရွေးကောက်ပွဲတုန်းက ကတိတွေမေ့သွားတဲ့ သမ္မတမျိုးနဲ့ဆိုရင် ပိုတောင် စိတ်ပျက်ဖို့ကောင်းတယ်။ လူထုကသာ ဆက်လက်ပြီး Ideaတွေကို ပေးနိုင်ရင်၊ အစိုးရရဲ့ Policy ကို အဆုံးအဖြတ်ပေးဖို့ နေရာတစ်ချို့ရှိနေရင် ပိုပြီးတော့ လူထုရဲ့ အုပ်ချုပ်မှုဆန်တဲ့ ဒီမိုကရေစီဖြစ်လာနိုင်ပါတယ်။ နောက်ပြီးအတိုက်အခံကိုလည်း လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တစ်ချို့ခွဲပေးထားတာမျိုးက အတိုက်အခံတွေရဲ့ ရင်းမြစ်ကို အသုံးချခွင့်ရစေတဲ့အတွက် ပိုကောင်းတဲ့ဒီမိုကရေစီဖြစ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ အနီနဲ့အ၀ါမတည့်တာကိုကြည့်ရင် ဘယ်လောက် ကြောက်စရာကောင်းတဲ့ အယူအဆမှားကို ဦးတည်စေနိုင်သလဲဆိုတာကိုသိနိုင်တယ်။ အတိုက်အခံဆိုတာ ကိုယ်နဲ့ဝါဒရေးရာကွဲလွဲပေမယ့် သူ့မှာလည်း သိပ်ကောင်းတဲ့ အိုင်ဒီယာတွေရှိနိုင်တယ်။ အခုဟာက အုပ်ချုပ်ရေးဆိုတာ နိုင်ငံအတွက် အားလုံးက ၀ိုင်းကြိုးစားကြတာပါပဲ။ အာဏာကို ခွဲဝေယူပြီးအသာလေးအချောင်ခိုနေဖို့မဟုတ်ပါဘူး။ တိုင်းပြည်အတွက် လိုအပ်ရင် အတိုက်အခံနဲ့လည်း ပေါင်းပြီးလုပ်ကြဖို့ ဒီဘိုနိုးက အကြံပြုပါတယ်။ ပေါင်းပြီးမလုပ်ရင်လည်း အားနေတဲ့ အတိုက်အခံက ကိုယ့်ကိုပဲ တိုက်ခိုက်နေဖို့ လုပ်နေတော့မှာဆိုတော့ ဘယ်သူမှ အကျိုးမရှိပါဘူး။
ဒီမိုကရေစီ စနစ်မှာတော့ စကားပြောကောင်းတဲ့သူနဲ့ လူသိများတဲ့သူဟာ နိုင်ဖို့ အလားအလာကောင်းပါတယ်။ ရှေ့နေ၊ ဂျာနယ်လစ်နဲ့ ကျောင်းဆရာတွေဟာ များသောအားဖြင့် စကားပြောလေ့ကျင့်ပြီးသားဖြစ်နေတဲ့အတွက် အင်ဂျင်နီယာ၊ဆရာဝန်၊သိပ္ပွံပညာရှင်တွေထက် ပိုပြီး နိုင်ဖို့ အလားအလာရှိပါတယ်။ ပြီးတော့ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေက စွန့်ပြီး နိုင်ငံရေးလုပ်လို့မအောင်မြင်ရင် နဂိုအခြေအနေပြန်ရဖို့ခက်ပါတယ်။ risk များတယ်။ အဲဒါက ဒီမိုကရေစီရဲ့အားနည်းချက်တစ်ချက်လည်းဖြစ်တယ်။ ဆိုလိုတာက constructive thinking နဲ့ အသားကျတဲ့သူတွေက ပိုပြီးအောင်မြင်နိုင်ချေရှိတယ်။ ကျန်တဲ့သူတွေကတော့ လူသိများဖို့တောင်ခက်တယ်။ အဲဒီတော့ နိုင်ဖို့ရာခိုင်နှုန်းနည်းတဲ့သူတွေဟာ ပိုညံ့လို့ဆိုပြီး သတ်မှတ်လို့မရပါဘူး။ စကားပြောမကောင်းတဲ့အတွက် တပန်းမသာတော့ပါဘူး။ အဲဒါကို ဒီဘိုနိုးက ကြံကြံဖန်ဖန်ပြောပါတယ်။ အခုလို debate တွေလုပ်မယ့်အစား Email ပို့လည်းရတာပဲတဲ့။ အတော့်ကိုပြောင်ချော်ချော်လို့ထင်စရာရှိပါတယ်။ အမှန်က မဟုတ်ပါဘူး။ အင်ဂျင်နီယာတွေဟာ စကားပြောမကောင်းပေမယ့် စာကောင်းကောင်းရေးတတ်ပါတယ်။ အကြောင်းနဲ့အကျိုး ဆက်စပ်ပြီး နားလည်တဲ့နေရာတွေမှာ သဘောပေါက်လွယ်ပါတယ်။ အဲဒီတော့ ဒီဘိုနိုးပြောသလို စကားစစ်မထိုးဘဲ အီးမေးလ်နဲ့သာ စစ်ထိုးမယ်ဆိုရင် ကမ္ဘာမှာ အင်ဂျင်နီယာတွေ၊သိပ္ပံပညာရှုင်တွေ၊ဆရာဝန်တွေလည်း နိုင်ငံရေးလောကထဲမှာ အတန်အသင့်အောင်မြင်လာနိုင်တယ်လို့ယူဆပါတယ်။ De Bono ပြောချင်တာက ကျွန်တော်တို့တွေဟာ ဂရိတွေလုပ်ခဲ့တာကြီုးကို ဆက်လက်ပြီး အသေဆုပ်ကိုင်ထားဖို့မလိုဘူးဆိုတာကိုပါ။ အဲဒါလေးကိုလည်း အတော်သဘောကျမိပါတယ်။
ဒီမိုကရေစီကို အဝေးကနေကြည့်တဲ့အမြင်တစ်ချို့ကို ဒီတင်ရပ်နားပါတယ်။ ... ။
အနည်းဆုံးတော့ ဒီမိုကရေစီဆိုတာ roadmap အတိုင်းစီးသွား၊ ဂိတ်ဆုံးရင်ရောက်တဲ့မှတ်တိုင်မဟုတ်ဘူးဆိုတာလေးပေါ်လွင်ရင်တော်ပါပြီ။ အမှိုက်ပုံသွားဖို့ကို အမှိုက်ကောက်သမားနောက်ကဖြစ်ဖြစ်၊ အမှိုက်ပုံသွားလေ့ရှိတဲ့ ခွေး၊ကြွက်၊ကျီးကန်း၊ဖွတ်တွေနောက်ကပဲဖြစ်ဖြစ် လိုက်သွားရင်ရပြီ။ Roadmap မလိုပါဘူး။ အဲဒါဟာ ဒီဘိုးနိုးနဲ့အတူ လမ်းကြုံလိုက်ပြီး ကျွန်တော်ပေးချင်တဲ့ message ပါပဲ။ ။
Notes:
ပို့စ်အရှည်ကြီးကိုဖတ်ဖို့ အတော်ကြီးကြိုးစားလိုက်ရမယ်လို့ထင်ပါတယ်။ အထူးသဖြင့် စာရှည်ရှည်မဖတ်နိုင်တဲ့ သူတွေကို အားနာပါတယ်။ ဒါတောင် တတ်နိုင်သမျှ ပြန်ဖြုတ်လိုက်တာပါ။ .... စာရေးတိုင်း အမြဲတမ်း အကြံပေးတဲ့ အမေ့ကိုကျေးဇူးတင်ပါတယ်။ ကျန်းမာရေးအရ စောစောအိပ်ဖို့ ကြိုးစားနေရတဲ့အတွက် မအိပ်ဘဲစာရေးနေတိုင်း မကြာမကြာဆူပူတတ်တဲ့ younger sis နဲ့ စာအုပ်ဝယ်ပေးတဲ့အတွက် ဖြိုးဖြိုး ကို ကျေးဇူးတင်ပါတယ်။



Peace B with U.