ဒီနေ့ .... Straits Times ဖတ်လိုက်တယ် ... တစ်ရက်နောက်ကျနေတဲ့ သတင်းတွေက စီးမျောပြီး ၀င်ရောက်လာတယ် ... ။ စင်္ကာပူနိုင်ငံသားတွေက Stock Shares အကြောင်း updates news တွေသိတယ် .... America အကြောင်းကောင်းကောင်းသိတယ် ... ဆီဈေးတွေကိုလည်း သိတယ် ...။ Discount ဈေးပွဲတော်တွေ ဘယ်မှာရှိလဲ သိတယ် .... ။ ဘယ်အသုံးအဆောင်တွေက Environmental friendly ဖြစ်လဲသိတယ် ... ။ ဘောလုံးအကြောင်းတော့ မသိဘူး ... ။ တုံးတယ် ... ။ အဲဒီနေရာမှာတုံးတယ် ....။
ဒီမှာ ဘောလုံးကို ဘယ်လိုလောင်းလဲဆိုတော့ ရှင်းရှင်းလေးပဲ ... Win or Lose .... အသင်းကြီးက နိုင်ရင် နည်းနည်းလေးရမယ် .... ။ အသင်းလေးက နိုင်ရင် အများကြီးရမယ် ... ။ တော်တော်ရှင်းတယ် ..။ မြန်မာပြည်မှာလို ... အမျိုးမျိုးလောင်းလို့ မရဘူး ... ။
ဒီည .. ၈ နာရီ ၄၀ မှာ Arsenal Vs ManU. ပွဲရှိတယ် ... ။ ဒီလိုပွဲမျိုးဆိုရင် ၁း၁ ရတယ် ....။ ကြိုက်တဲ့အသင်းလောင်း ... ၁၀၀ လောင်းရင် ၂၀၀ ရမယ် ... ၁၀၀ မြတ်တာပေါ့ ...။ ရှင်းတယ်နော် ...။ ဘာမှမရှုပ်ဘူး ... ။
ဒီညဆိုရင် Arsenal က first line-up ၇ယောက် နာနေတယ် ... သူအို၊သူနာ၊သူသေ ....တွေကို ဘောလုံးပွဲမှာတွေ့ရတယ် .... ။ မြန်မာပြည်မှာတော့ ရဟန်းပါ တွေရတယ် ....။ ကျွန်တော်တို့ ရပ်ကွက်မှာဆို ... အာဆင်နယ် ဘုန်းကြီးတွေက ကြက်သွေးရောင် နည်းနည်းလုတဲ့ သင်္ကန်းတွေဝတ်တယ် .... ။ မန်ယူကိုယ်တော်တွေကတော့ England ကို သာသနာပြုလွှတ်ရင်တောင် london တော့မသွားဘူးဆိုပဲ ....။
မြန်မာပြည်က ဘောလုံး ဆောင်းပါးရှင်တွေက ကမ္ဘာမှာ အတော်ဆုံးဗျ ...။
သူတို့ ဝေဖန်ထောက်ပြထားတွေ ဖတ်ကြည့်ရင် ... ကမ္ဘာကျော် ဘောလုံးနည်းပြတွေရော ... ဘောလုံးသမားတွေရော ... မြန်မာစာ သင်ဖို့ကောင်းပြီဆိုတာ ကျွန်တော်တော့ ကောင်းကောင်းကြီးနားလည်သွားတယ် ... ။ ဒီလောက်တော်တဲ့ ဆောင်းပါးရှင်တွေရဲ့ သွန်သင်မှုအောက်ကနေ ... မြန်မာ အသင်းကြီး ခွက်ခွက်လန်အောင် ရှုံးနေတာ ရှက်စရာပဲ .....။ ဟဲ .. ဟဲ ....။
ထိုင်းက ငနဲလေးတွေ ... မြန်မာပြည်မှာ လက်ဝှေ့လာထိုးမယ်တဲ့ ... ရာရာစစနော် .... ။ ၅ချီကနည်းပါတယ် ....
တစ်ယောက်ယောက် မှောက်သွားတဲ့ အထိထိုးကြ ဖို့ကောင်းတယ် ... ။ ယိုးဒယားတွေ မြန်မာကိုနိုင်တာ ဆိုလို့ သူတို့ရိုက်တဲ့ ပေါတောတော ရာဇ၀င်ကားတွေမှာပဲ ရှိတယ် .....။ ပေါတောတော ဘုရင်က သူရဲကောင်းဖြစ်လိုဖြစ်နဲ့ ... ။ မွေထိုင်း ကိုသဘောကျပါတယ် .. ဒါပေမယ့် ... မြန်မာ့လက်ဝှေ့ က ပိုပြီးမာတယ် ... ပိုပြီးလည်း စုံတယ် ....။ လုံးချော ရေ ..... မြန်မာတွေ နာမည်ပျက်အောင်မလုပ်နဲ့ကွာ...အမှောက်သိပ်လိုက်စမ်းပါ ... ဗိန်းမောင်းသံတွေက ငါတို့အတွက် .... မျောက်မင်းအူသံတွေသူ တို့ကို လှူလိုက်ရအောင် .....။
ပြောဖို့ မေ့နေလို့ ... ဟိုတစ်ပတ် က Eunos က မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကထိန်သင်္ကန်းကပ်တယ် ... ဖားအောက်ဆရာတော်လည်းကြွတယ် ... နောက်ပိုင်း ရိပ်သာဖွင့်ဖို့လည်းရှိတယ် လို့ အသိတစ်ယောက်ကရှင်းပြသွားပါတယ် ... ကျွန်တော်ကတော့ ဒံပေါက်စားဖို့ ရောက်သွားတာ ... ဟဲဟဲ ...။ အချိုပွဲတွေလည်း အများကြီးပဲ ... ။ အကုန်လုံးအ၀စားပြီးတာတောင် ... အများကြီးပိုသေးတယ် ....။ ဓာတ်ပုံတွေလည်း ရိုက်ခဲ့သေးတယ် .... ။
"ဒါနကတဝေေ၀ ... ရေတွေက တရွှဲရွှဲ ....
ပျော်ပွဲကတ၀င့်ဝင့် .... " ဆိုလား ဆရာဇော်ဂျီ ရေးဖူးတာသတိရတယ် .... ။ အလှူရေစက်လက်နဲ့မကွာ ...ပေါ့ ...။ ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့ပါပဲ ....။ တရုတ်တွေလည်း အများကြီးလာကြတယ် ... စ လုံးတရုတ်တွေ ... .။
ဘယ်သူတွေပဲလှူလှူ .... အလှူတစ်ခုကိုမြင်နေရရင်ကိုပျော်ပါတယ် .... ။ စားရလို့ပျော်တာလို့ မသူတော်တွေကတော့ ထင်တော့မှာပဲ .. ဟားဟား ...။ လောဘကို ပယ်သတ်တဲ့ အလောဘကို ဒါနကို ခေါ်ကြတာမဟုတ်လား ....။ ဒါနဆိုတာ .... ပြုခဲတဲ့ အရာတစ်ခုပါပဲ .... ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ... လူကောင်းတွေရှိနေရင် စိတ်ချမ်းသာစရာ ပိုကောင်းတာပေါ့ ... ။
လူအားငွေအား လှူဒါန်းလိုသူများလည်း ... ဆက်သွယ်ပြီးလှူဒါန်းနိုင်ပါတယ် ...။
ကျောင်းကတော့ ... Eunos link နားမှာ ...။ Foo Kim Lin လမ်းဆုံးတဲ့ အထိသာဝင်သွားလိုက် ...ရောက်ရောပဲ ... ...။
္က္က
ဤတွင် သတင်းများကို ကြေငြာလို့ ပြီးပါပြီ ... ။ See U Again ....
Peace B with U.























































