Saturday, November 1, 2008

တောင်ရောက်မြောက်ရောက် .....



သြော် အသင်လောက ... အသင်လောက ...ဆိုပြီး အော်နေကြရင် ကောင်းမလား ...
Singapore မှာ စက်ဘီးသူခိုးတွေများတယ်ဗျ ... ဒီနေ့မှ စက်ဘီးအဟောင်းလေး တစ်စီးကို ... ၇လတိတိ စုထားတဲ့ငွေအသပြာတွေနဲ့ ၀ယ်လိုက်တယ် ... အသစ်က ၈၃ ကျပ်ပဲရှိတယ် .. အဟောင်းက ၅၅ ကျပ် ...။ အင်း ဟုတ်တယ် .. သူခိုးအတွက် အသစ်ဝယ်ပေးသလို ဖြစ်မှာစိုးလို့ အဟောင်းပဲဝယ်လိုက်တာ ...။ သော့နှစ်ခုနဲ့ ခတ်ထားတယ် ... ဟဲဟဲ ...။ ရုံးက လုပ်ဖော်ကိုင်ဖတ်တွေကတော့ အားပေးရှာပါတယ် ... တစ်ပတ်အတွင်း ပါသွားမှာပါတဲ့ ....။ သူတို့ကကိုယ်တွေ့ လို့ဆိုတာပဲ ... ။

ပျင်းနေတာနဲ့ reservoir ကို တစ်ပတ်ပတ်ပြီးစီးလိုက်တယ် ... ၂၀ ဖိုးလောက်ကို စီးပစ်လိုက်တယ် ... ။ မနက်ဖြန် east coast အထိစီးမယ် ... နောက်အခိုးခံရရင်လည်း အရင်းတော့ ကျေသားလို့တွေးလို့ရတာပေါ့ ...။

စကားမစပ် ဟာသတွေ ဖတ်ထားတယ်ဗျ .... နားထောင်မယ့်သူရှိရင် ... တစ်နေကုန်ပြောစရာ စကားတွေရှိနေတတ်တော့ခက်တယ်နော် ... ။

ရုံးမှာအရမ်းခင်စရာကောင်းတဲ့ singaporean တစ်ယောက်ရှိတယ်..။ထမင်း အတူတူသွားစားကြတော့ သူကမေးတယ်။စူပါမင်းကွာ...၊လူတွေ ဒုက္ခရောက်တာနဲ့...သူအ၀တ်သွားလဲပြီးရောက်ရောက်လာတယ်..၊ သူ့အင်္ကျီကဘာလို့ကြပ်နေတာလဲသိလားတဲ့.... ။
အင်း မသိဘူးလေ ...ဒါပေမယ့် အားလုံးက အက်တာအိုတွေချည်းပဲဆိုတော့ စဉ်းစားသလိုလို လုပ်နေကြတယ် ... သူဌေးကတော့ ထုံးစံအတိုင်းမသိဘူးလို့ စောစောစီးစီးဝန်ခံတယ် ... ။ ... နောက်တော့ google မှာရှာဖို့ laptops တွေပါမလာတာကို သတိရသွားတဲ့ supervisor နဲ့ architect ကလည်းမသိဘူးတဲ့ ... နောက်တော့ ... junior developer လေးကလည်း ကောင်မလေးအကြောင်းမှ မဟုတ်တာ ... မသိဘူးတဲ့ ...။ နောက်ထပ် senior ကတော့ သူ့ JMS က threads တွေအကြောင်းပဲတွေးနေတော့ ဘာပြောမှန်းကို မသိဘူး .... ။နောက်တော့ ရုံးက admin,accountant, ပါလေရာ၊ပြာတာ ... (ဟုတ်တယ် သူတစ်ယောက်တည်းအကုန်လုပ်ရတာ) ... ကလည်း မသိဘူး၊ super man ဆိုတာ ဘာကောင်လဲတဲ့ ...။ အဲဒီတော့ ကျွန်တော်ကပဲရှင်းပြလိုက်ရတယ် ... စူပါမင်းဆိုတာ debit ရဲ့အစ်ကို .. credit ရဲ့ ဦးလေး ...၊တစ်ခါတစ်လေ ... ဘဏ်က Loan ယူတဲ့ကောင် လို့...။ အဲဒီတော့မှ ... သူက သြော် .... သူကလည်း client ပဲကိုးဆိုပြီး နားလည် သလိုလို ဖြစ်သွားတော့တယ် ..။ နောက်ဆုံးမသိဘူးလို့ မပြောတာဆိုလို့ ... ကျွန်တော် နဲ့ network technician နှစ်ယောက်ပဲကျန်တော့တယ် ... နှစ်ယောက်စလုံးက မြန်မာပြည်သားကြီးတွေဆိုတော့...မင်ကလေးတွေနဲ့ပေါ့...
မသိတာကိုမသိဘူးလို့ပြောရတာတော်တော် ခံတွင်းပျက်တာပဲ...။ မသိတော့မသိဘူး၊ဒါပေမယ့်....မသိဘူးလို့လည်းမပြောပါဘူး....၊
အင်းပြောကြည့်လေ...လို့ပဲပြောလိုက်တယ် ...။ ... ကိုယ်သိပြီးသားတစ်ခုခုနဲ့ တူမတူ တိုက်ကြည့်မလို ဘာလိုလိုလုပ်တာပေါ့ ... ။ ...

သူကလည်းကျွန်တော်တို့ ဖှိန့်တာကို တစ်ကယ်ထင်ပြီးအဖြေကိုပြောတယ် .... ... ... ..

...
....
.....
......
.......
.........
............

ရယ်စရာတော့မဟုတ်ပါဘူး .... ပြုံးချင်စရာလေးတွေပေါ့ ... သွားမပေါ်ကြေးနော် ... ဟဲဟဲ .... သူတော်ကောင်းတွေလို သွားမပေါ်အောင် ပြုံးရတာ ကြည်နူးစရာပေါ့ ....။


  • My wife and I were happy for twenty years. Then we met.

Rodney Dangerfield

ကျွန်တော် နဲ့ ကျွန်တော့်ဇနီးတို့ဟာ အနှစ်နှစ်ဆယ်တိတိ ပျော်ခဲ့တယ် ... ။ ပြီးတော့မှ ...ကျွန်တော်တို့တွေ့ခဲ့ကြတယ် .... ။

  • A good wife always forgives her husband when she's wrong.

Milton Berle

ဇနီးကောင်း ဆိုတာ သူမှားတဲ့အခါမှာ သူ့ယောက်ျားကို ခွင့်လွှတ်တတ်တယ်။



ကျွန်တော် ဇနီးသည်ကို ကားတစ်စီးဝယ်ပေးခဲ့တယ် ...။

သူက ဖုန်းဆက်ပြီးပြောတယ် ... " ကာဘရိုက်တာထဲမှာရေတွေဝင်နေတယ် ...."။

"ကားကရော ... ဘယ်မှာလဲ"

"ရေကန်ထဲမှာပေါ့ ...." ။ ။




ကျွန်တော် မိန်းမကို စကားမပြောတာ ၁၈ လရှိပြီ ...။
အင်းလေ ... သူစကားပြောနေတုန်း ကျွန်တော်မှ ကြားဖြတ်မပြောချင်တာ ...။




ချစ်သူကပြောတယ် ... "နင် ပိုချစ်တတ်၊ပိုကြင်နာတတ်ဖို့ သင့်တယ်" ... ။
ဒါနဲ့ပဲ နောက်ထပ် ရည်းစားတစ်ယောက်ထားလိုက်ရတယ် ...။



ကောင်လေးက သူ့အဖေကိုမေးတယ် ...

"ဖေဖေ ... လက်ထပ်ရင် ဘယ်လောက်ကုန်လဲဟင် ... "။

"မသိသေးဘူး သားရဲ့ ... ဖေဖေလည်း အခုအထိပေးနေရတုန်းကွ ..." ။ ။

အမျိုးသမီးတစ်ယောက်က သူ့သူငယ်ချင်းကိုပြောတယ် ...။

"ငါ ငါ့ယောက်ျားကို millionaire ဖြစ်အောင် လုပ်ပေးခဲ့တာ ... ။"

"ဟုတ်လား ... နင့်ယောက်ျားက နင်နဲ့မရခင်က ဆင်းရဲတာလား ... ။"

"မဟုတ်ပါဘူး ... ၊ billionaire"




ငါ့ မိန်းမကတော့ တစ်ကယ့်ကို Angel ပါပဲ ...

ကံကောင်းလိုက်တာကွာ.... ငါ့မိန်းမကတော့အခု အထိရှင်နေတုန်း။



သြော် ... တကယ့်ကို တောင်ရောက်မြောက်ရောက်ပါပဲ ... ။ စူပါမင်းက Small size ၀တ်လာမိလို့တဲ့ ... သူ့အင်္ကျီက S ကိုပဲကြည့်လိုက် ...။ Small size !!!...



Source :



Peace B with you, now I am playing with my blog, of course, it is under maintenance!!!