Saturday, November 1, 2008

မရဏနုဿတိ

အခုတစ်လော မရဏနုဿတိ ပွားနေပါတယ်ဆိုတော့ သူငယ်ချင်းတွေက ...မေးငေါ့ကြတယ်(မေးနှစ်ထပ်ကြီးနဲ့ကို ငေါ့တာ ...)

... တစ်ချို့က နှာခေါင်းရှုံ့ကြတယ် (လူကသာ ပေါင်တစ်ရာမရှိတယ်၊ နှာခေါင်းကိုတော့ ခမ်းခမ်းနားနားကို ရှုံ့တာ ...)

... တစ်ချို့က လူဆိုတော့ ဒီလိုကိစ္စရှိတတ်ပါတယ်ဆိုပြီး ... ပါးကြီးဖောင်းပြီး မျက်စောင်းထိုးတယ် (မို့မို့မြင့်အောင် အိုက်တင်နဲ့ ..)...။

အသံကိုက ညောင်နာနာလေးနဲ့ ... (မွေးကာစကြောင်လေး အအေးမိထားတဲ့ အသံမျိုးနဲ့) လှောင်တဲ့သူကလည်း လှောင်တယ် ...။

နုဿတိ(စ်)(သ်) လားဆိုပြီး တံထွေးနဲ့ ထွေးတဲ့သူလည်းထွေး .....

..ကိုယ် ဘန်ကောက် မရောက်ခင် (မဖြတ်၊မဖောက်၊မချူပ်ခင်)က မောင်ရင် နဲ့ ကိုယ် ... အတူတူ MML တွေကို ငမ်း(မူကွဲ ငန်း ...။(အာသာငမ်း၊အငမ်းမရ ရှု))တုန်းက မောင်ရင် ဒီလို မရဏနုဿတိ မပွားသေးပါဘူး ....လို့မညှာမတာ ဝေဖန်တဲ့သူလည်းရှိတယ်.. ။

ဟေ့ ... သူငယ်ချင်းလားဟေ့ .. ဂျမ်းဘုံတို့ နာဂစ်မှာပါသွားတုန်းက ကိုယ်လည်းဒီလိုပဲ ပွားခဲ့တယ် .... အဟက် ..အဟက် ..ဆိုပြီး အားပေးတဲ့သူက အားပေး။

လုပ်မနေနဲ့ ... နင်တို့ကောင်တွေ တစ်ကိုယ်လုံး ရေဓာတ် ကတော့ ၇၅ ရာခိုင်နှုန်း ပြည့်မပြည့်တော့ မသိဘူး ... တဏှာ ၉၉ ရာခိုင်နှုန်း ... ကိလေသာ ၁ ရာခိုင်နှုန်းနဲ့ တွေချည်းပဲ .. မရဏနုဿတိကလည်း ဆင့်ပါးစပ်ထဲ ... quark တစ်ခြမ်းလောက် ပက်သလိုဖြစ်နေမှာ ... ဆိုပြီး ကုန်စုံဆိုင်ထဲက လှမ်းပြီး နှုတ်၏စောင်မခြင်းနဲ့ စောင်မတဲ့သူကစောင်မ ....။



တကယ်ပါ .... မရဏနုဿတိပွားနေတဲ့ ပုံတွေထဲကတစ်ပုံကို တင်ပေးလိုက်တာပါ .....

....
....
....






foot notes (ခြေထောက်မှတ်စု): နောက်ဆုံးတစ်ယောက်ပြောတဲ့ quark တစ်ခြမ်း က ဒီလောက်ကြီးပါတယ် ...



Peace B with you, now I am playing with my blog, of course, it is under maintenance!!!