Sunday, October 26, 2008

Quotes for Today (26th October 2008)

ဒီနေ့ နေသိပ်မကောင်းဘူး။ အသက်က ၈၀ ကျော်လာတော့ ... ဂလိုပဲ ...။
ဆရာတော်ဦးဇောတိက ရဲ့ " ဘ၀ကိုစိတ်က ဦးဆောင်တယ် " ဆိုတဲ့ တရားခွေလေးနာရင်းအိပ်ပျော်သွားတယ်။ နိုးလာတော့ တော်တော်သက်သာ နေပြီ ... အဲဒီလို တရားနာရင်းအိပ်တိုင်း စိတ်က relax ဖြစ်သွားလို့ နေလို့ ပိုကောင်းလာတတ်တယ် ...

အဲဒီတရားခွေက Singapore ကို ဆရာတော် ကြွတုန်းကဟောခဲ့တဲ့ အခွေပေါ့။

သက်သာသွားတော့ အလုပ်ဆက်လုပ်ရတယ်။
ကျွန်တော့် အလုပ်က မီးကင်းစောင့်တဲ့ အလုပ်လေ ...။ ည ၁၁ နာရီကနေ မနက် ၄ နာရီ အထိ ပေါ့ ...။
မီးလောင်လို့ရှိရင် ... သံချောင်းခေါက်စရာတော့မလိုဘူး။ phoneတော့ ဆက်ပေးရတယ်။

မီးကင်းစောင့်ရင်းအားနေရင် qoutes တွေဖတ်တယ် ....။
ဖတ်ထားတာတွေထဲက တစ်ချို့ကို ရေးထားလိုက်တယ် ... ။ အပျင်းပြေဖတ်ကြည့်ပေါ့ ...။ မီးကင်းသမား၏ မှတ်စုများဆိုတဲ့ ...နောင်တစ်ချိန် ကမ္ဘာကျော်လာနိုင်တဲ့ စာအုပ်ထဲမှာပါလာနိုင်တဲ့ ရယ်စရာ အကိုးအကားများဆိုပါတော့ ...။


In GOD We Trust ...
သိတယ်မဟုတ်လား .... American dollar တွေမှာ ပါတဲ့ စာတမ်းလေးလေ ...
အဲဒီစာသားက America ရဲ့ အမျိုးသားရေးဆောင်ပုဒ်ပါ ...
သူ့ဘာသာသူတော့ ဟုတ်နေတာပါပဲ ...။


"ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်သည် ..."


အဲဒါကို နည်းနည်းပြင်ထားတဲ့ quoutes က ဂလို ...

In God we trust; all others must pay cash.

ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်သည် ...ကျန်တဲ့လူတွေကတော့ ... ငွေသားနဲ့ပဲပေးရမယ် ...။ (ကျန်တဲ့ကောင်တွေကိုမယုံဘူးပေါ့လေ ..)။

အဲဒီလိုပြင်တတ်တဲ့ ငနဲတွေရဲ့ ဉာဏ်ကိုလေးစားတယ် ...။

နောက်တစ်ခုက ဒီလို .....
လေယာဉ်မှာရေးထားတဲ့စာသားတဲ့ ...

"Fragile. Do not drop." -- Posted on a Boeing 757
ကျကွဲလွယ်တယ်၊ ပြုတ်မကျစေနဲ့ ...။

သူငယ်ချင်းတွေကို သတိရတာနဲ့ .... quotes တစ်ခုရေးပေးလိုက်တယ် ...
ပေါက်ပေါက်ရှာရှာ ခိုင်းနှိုင်းထားတယ် ...။

"Friendship is like peeing on yourself: everyone can see it, but only you get the warm feeling that it brings."

ခင်မင်မှုဆိုတာ ... ရှူးပေါက်ချမိသလိုပဲ ...၊ လူတိုင်းက (ရှူးကွက်ကြီးကို) မြင်နေရတယ် ... ဒါပေမယ့် သင်တစ်ယောက်တည်း နွေးထွေးမှုကိုခံစားရတယ်လေ ... ။



Peace B with you, now I am playing with my blog, of course, it is under maintenance!!!